“Our Seeds, Our Food, Our Future”
“ကျွန်ုပ်တို့မျိုးစေ့၊ ကျွန်ုပ်တို့အစားအစာ၊ ကျွန်ုပ်တို့အနာဂတ်”
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းတစ်နေရာတွင် “ကျွန်ုပ်တို့မျိုးစေ့၊ ကျွန်ုပ်တို့အစားအစာ၊ ကျွန်ုပ်တို့အနာဂတ်” ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။ အစားအစာအချူပ်အခြာအာဏာ၏အရေးပါပုံကို သိရှိလာရန်၊ ဒေသ၏အစားအစာစီမံအုပ်ချူပ်မှုအခြေအနေကို ဆန်းစစ်လေ့လာရန်နှင့် ဒေသ၏ အစားအစာစီမံအုပ်ချူပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ဟူသော ရည်ရွယ်ချက်များဖြင့် ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ ၄င်းဆွေးနွေးပွဲတွင် ဒေသမျိုးစေ့မျိုးဆံများပြသခြင်း၊ မူဝါဒအကြံပြုစာတမ်းချပြခြင်း၊ အစားအစာအချူပ်အခြာအာဏာဆိုင်ရာမှတ်တမ်းရုပ်ရှင်ပြသခြင်း၊ ဒေသမျိုးစေ့အားကောင်းခိုင်မာရေးအတွက် ဆွေးနွေးခြင်း စသည့်အကြောင်းအရာများကို ပြုလုပ်ခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် IEC မှ တာဝန်ရှိသူများ၊ KSCC မှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံကျေးရွာကိုယ်စားလှယ်များ စုစုပေါင်း (၁၄၁) ဦး တက်ရောက်လာခဲ့သည်။
“Our Seeds, Our Food, Our Future”
On January 31, 2026, a workshop titled “Our Seeds, Our Food, Our Future” was held in the western part of Demosso, Karenni State. The workshop aimed to raise awareness of the importance of food sovereignty, assess the status of food governance in the region, and promote cooperation in food governance in the region. The workshop included a display of local seed varieties, a policy paper presentation, a documentary on food sovereignty, and a discussion on strengthening local seed resources. (141) persons joined the workshop and they are representatives from IEC , KSCC, civil society organizations, and local villages.

